ဂျပန်က ပိုက်ဆံရှိအမျိုးသားတွေရဲ့ 'မြေပုံ'
ဂျပန်မှာ ဝင်ငွေမြင့် အမျိုးသားကို လက်ထပ်ချင်ရင် ဒီ 'ဂိမ်း' ကို ဘယ်လိုကစားရမလဲဆိုတာ လမ်းညွှန်စာအုပ်အကြီးကြီး ထွက်နေပြီတဲ့။
အလုပ်အကိုင်အလိုက် 'တိုက်ခိုက်သိမ်းပိုက်' နည်းဗျူဟာ
ဂျပန်က 'ကျွမ်းကျင်အဆင့်မြင့်' အမျိုးသားတွေဆိုပြီး တစ်ပုံစံတည်း သတ်မှတ်လို့မရဘူးတဲ့။ အလုပ်အကိုင်အလိုက် သူတို့ကြိုက်တဲ့ အမျိုးသမီးပုံစံက ကွဲပြားတယ်ဆိုပဲ။
ဆရာဝန်တွေကတော့ နောက်ခံမိသားစု၊ ပညာအရည်အချင်း၊ ကြီးပြင်းလာတဲ့ ပုံစံတွေကို သေချာကြည့်တတ်ကြသတဲ့။ ကိုယ်က ဘာမှမလိုဘူးပြောရင်တောင် သူ့မိဘတွေက အနောက်ကနေ စစ်ဆေးနေမှာနော်။ အမွေဆက်ခံရတဲ့ သူဌေးတွေလည်း ဒီအတိုင်းပဲ။
ကိုယ်ပိုင်လုပ်ငန်းထောင်ထားတဲ့ CEO တွေကတော့ အရမ်းမတူဘူး။ ရုပ်ရည်သန့်ရမယ်၊ ငယ်ရွယ်ရမယ်၊ ပြီးတော့ 'ထူးချွန်တဲ့ အရည်အချင်း' တစ်ခုခုရှိရမယ်တဲ့။ ဥပမာ သူက အင်္ဂလိပ်စကားမပြောတတ်ပေမယ့် ကိုယ်က ရေရေလည်လည် ပြောတတ်တာမျိုး၊ စန္ဒရားကို ပညာရှင်အဆင့်တီးနိုင်တာမျိုးပေါ့။ နိုင်ငံခြားကုမ္ပဏီမှာ အလုပ်လုပ်တဲ့သူတွေကတော့ အိမ်အလုပ်နိုင်နင်းတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ကိုပဲ လိုချင်ကြတာများတယ်။
ရုပ်ရည်ထက် အရေးကြီးတဲ့ 'အကျင့်စရိုက်'
'ငါကမှမလှတာ၊ ပိုက်ဆံရှိတဲ့သူနဲ့တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ' ဆိုပြီး လက်လျှော့နေရင် မှားမယ်တဲ့။ တကယ်တမ်းမှာ အရေးအကြီးဆုံးက ရုပ်ရည်မဟုတ်ဘဲ 'အကျင့်စရိုက်' ပါတဲ့။
ဘယ်လောက်ပဲလှလှ၊ ဘယ်လောက်ပဲတော်တော်၊ နောက်ဆုံးမှာ အမြဲအငြင်းခံရတဲ့ အမျိုးသမီးအမျိုးအစားကတော့ 'ကိုယ့်စိတ်ကို ကိုယ်မနိုင်တဲ့သူ' တွေပါတဲ့။ 😒
တစ်ပတ်တစ်ခါတွေ့နေရတာကို အားမရဘဲ 'ဘာလို့ Line မှာ စကားလာမပြောတာလဲ' ဆိုပြီး ပြဿနာရှာတာမျိုး၊ 'ငါ့ကို တကယ်ချစ်ရဲ့လား' ဆိုပြီး ကိုယ့်ဟာကိုယ် မလုံမခြုံဖြစ်ပြီး ပေါက်ကွဲတာမျိုးပေါ့။ ကိုယ့်ရဲ့ အထီးကျန်မှုကို ဖြည့်ဆည်းပေးဖို့ ယောက်ျားတစ်ယောက်ကို မှီခိုတဲ့စိတ်ကို သူတို့အမုန်းဆုံးပဲတဲ့။
ပိုက်ဆံလား၊ နားလည်မှုလား၊ တစ်ခုပဲရွေး
'ဝင်ငွေမြင့်တဲ့သူကိုလည်း လိုချင်တယ်၊ ကိုယ့်အတွက် အချိန်ပေးတာမျိုးလည်း လိုချင်တယ်၊ ညတိုင်း ထမင်းတူတူစားချင်တယ်' ဆိုတဲ့ ဆန္ဒတွေက တစ်ပြိုင်တည်း မဖြစ်နိုင်ဘူးတဲ့။
ဝင်ငွေ သန်း ၂၀ ရဖို့ ညဉ့်နက်တဲ့အထိ အလုပ်လုပ်နေရတဲ့သူဆီက 'ညတိုင်း ထမင်းလက်ဆုံစားမယ်' ဆိုတာမျိုး မျှော်လင့်နေတာက လောကမှာမရှိတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်ကို လိုက်ရှာနေတာနဲ့ တူတူပဲတဲ့။
အကြံပေးတဲ့သူကတော့ ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိုပဲ ဦးစားပေးယူပါလို့ အကြံပေးထားတယ်။ ဘာလို့လဲဆိုတော့ ဘဝမှာ ပိုက်ဆံမရှိရင် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေက အများကြီးမို့လို့တဲ့။ ကြားပြီးတော့တောင် နည်းနည်းကြောင်သွားတယ်။

Sign in to keep your name & data