← HoraYaba
သူဌေးကိုစိတ်ဆိုးအောင်လုပ်မိရင် ဘယ်လိုတောင်းပန်မလဲ
entertainment·2h

သူဌေးကိုစိတ်ဆိုးအောင်လုပ်မိရင် ဘယ်လိုတောင်းပန်မလဲ

လူကြီးတစ်ယောက်ကို စိတ်ဆိုးအောင်လုပ်မိတဲ့အခါ တောင်းပန်တဲ့နည်းမှာတောင် အဆင့် ၃ ဆင့်ရှိတယ်တဲ့။ 😱

ဂျပန်မှာအလုပ်လုပ်ရင်း အထက်လူကြီး၊ ဒါမှမဟုတ် Customer ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိသွားတယ်ဆိုပါစို့။ အဲ့ဒီအခါ ဘယ်လိုတောင်းပန်မှ အဆင်ပြေမလဲဆိုတာက အရေးကြီးတယ်လေ။ ဂျပန်က ဆောင်းပါးတစ်ပုဒ်မှာတော့ တောင်းပန်တဲ့ပုံစံကိုကြည့်ပြီး လူကို အဆင့် ၃ ဆင့် ခွဲခြားလို့ရတယ်လို့ ဆိုထားပါတယ်။

အဆင့်နိမ့် (三流): မသိချင်ယောင်ဆောင်သူ

ဒါကတော့ ကိုယ်အမှားလုပ်ထားတာကို သိသိကြီးနဲ့ ဘာမှမဖြစ်ခဲ့သလိုမျိုး မျက်နှာလွှဲခဲပစ်လုပ်တဲ့လူစားပါ။ ပြဿနာကို ချက်ချင်းမရှင်းဘဲ ဒီအတိုင်းထားလိုက်ရင် မီးပွားကနေ တောမီးလောင်သလို ပိုပြီးကြီးထွားသွားနိုင်တာပေါ့။ ဒီလိုလူမျိုးကတော့ အဆိုးဆုံးပါပဲ။

အဆင့်လတ် (二流): တစ်ခါပဲတောင်းပန်သူ

ဒါကတော့ လူအများစုလုပ်လေ့ရှိတဲ့ ပုံစံပါ။ အမှားလုပ်မိတယ်၊ ချက်ချင်းပဲ "တောင်းပန်ပါတယ်" လို့ပြောတယ်၊ ပြီးရင် ပြီးပြီလို့ထင်လိုက်တယ်။ ဒါပေမဲ့ နောက်တစ်ခါ အဲ့ဒီလူက ကိုယ့်ကို "အရင်ကလည်း မင်းအမှားလုပ်ဖူးတယ်နော်၊ သတိထား" လို့ပြောလာတဲ့အခါ စိတ်ထဲမှာ "ဟမ်... အဲ့ကိစ္စအတွက် တောင်းပန်ပြီးပြီလေကွာ" ဆိုပြီး စိတ်ကသိကအောက်ဖြစ်တတ်ကြပါတယ်။

အဆင့်မြင့် (一流): နှစ်ခါထက်မနည်း တောင်းပန်သူ

အဆင့်မြင့်တဲ့လူတွေကတော့ တစ်မျိုးပါ။ သူတို့က အမှားလုပ်မိတဲ့အချိန် ချက်ချင်းတောင်းပန်တယ်။ ပြီးတော့ လပိုင်းလောက်ကြာလို့ အဲ့လူနဲ့ပြန်တွေ့တဲ့အခါမှာလည်း "အရင်တစ်ခေါက်က ကိစ္စအတွက် တကယ်ပဲစိတ်မကောင်းပါဘူးခင်ဗျာ" ဆိုပြီး နောက်တစ်ခါထပ်တောင်းပန်တတ်ကြတယ်။ စိတ်ပညာအရလည်း ဒီလိုထပ်ခါထပ်ခါပြောတာက ကိုယ့်ရဲ့စိတ်ရင်းမှန်ကိုပြပြီး ပိုယုံကြည်မှုရစေတယ်လို့ဆိုပါတယ်။

ဆိုတော့ကာ၊ ကိုယ်ကတောင်းပန်ပြီးသွားပေမဲ့ တစ်ဖက်လူက တကယ်ခွင့်လွှတ်သွားရဲ့လားဆိုတာ မသေချာနိုင်ဘူးလေ။ ဒါကြောင့် သေချာအောင် နောက်တစ်ခါထပ်တောင်းပန်တာက ဂျပန်က "一流" (Ichiryū) တွေရဲ့ နည်းလမ်းဖြစ်နေတာပေါ့။ ကိုယ်တွေရော ဘယ်အဆင့်မှာရှိနေလဲ ပြန်စဉ်းစားကြည့်ရအောင်ဗျာ။

LINEFacebook
Comments

Say something — anonymous, no sign-up 👇