← HoraYaba
「前向きに検討します」ဆိုတာ NO လို့ ပြောတာပဲ။
japanese·2h

「前向きに検討します」ဆိုတာ NO လို့ ပြောတာပဲ။

ဂျပန်မှာ 「前向きに検討します」လို့ အပြောခံရရင် ၉၉% က NO ဆိုတာ သိပြီးပြီလား။

ကျွန်တော် ဂျပန်ရောက်ခါစက ဒီစကားကြားပြီး ပျော်ခဲ့တာကို ပြန်သတိရမိသေးတယ်။ ဒီစကားလေ...

前向きに検討します (まえむきにけんとうします)

Romaji: Maemuki ni kentō shimasu

"အကောင်းမြင်ဘက်က စဉ်းစားပေးပါ့မယ်" လို့ အဓိပ္ပာယ်ရပေမဲ့ တကယ်တမ်းမှာတော့ "မဖြစ်နိုင်ဘူး" ဆိုတာကို ယဉ်ယဉ်ကျေးကျေး ငြင်းလိုက်တာပါ။

ဥပမာ အလုပ်မှာ project အသစ်တစ်ခုအကြောင်း အထက်လူကြီးကိုမေးတော့ 「うーん、前向きに検討します」တဲ့။ ဒါဆို မဖြစ်နိုင်တော့ဘူးပေါ့... 😅

မှတ်ချက်များ

⚡ နေရာများ ပြည့်သွားပြီ

မှတ်ချက်ရေးသည့် နေရာများ ပြည့်သွားပြီ။ ပြန်ဖွင့်သောအခါ အကြောင်းကြားရန် စာရင်းသွင်းပါ။